ပြင်ဦးလွင်၊ ဇွန် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန အနေဖြင့် မိသားစုဝင်ငွေတိုးပွားကာ တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ တစ်ဆင့် MSME လုပ်ငန်းများအထိ ချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့၌ ကျင်းပသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိ ရပ်ဖများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် သင်တန်းများဆိုင်ရာကိစ္စရပ်များအား ပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ယခုဖွင့်လှစ်ခဲ့သော သင်တန်းတွင် လူသုံးကုန်ထုတ်လုပ်မှုအမျိုးမျိုးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ (၅)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်