Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများပေးအပ်


29 Jun,2026

ကျောက်ပန်းတောင်း ဇွန် ၂၉

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ခပေါင်းကုန်းကျေးရွာ အုပ်စု ခပေါင်းကုန်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူ များအား စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံး စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးက အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေး သွင်းအားစုများပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် သမဝါယမ ဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးရေးထုတ်ကုန် အရည်အသွေးတိုးမြှင့်ရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် တောင်သူများဘက်မှလည်း မှန်ကန်သည့် စိုက်ပျိုးရေး နည်းလမ်းကောင်းများ နှင့်အတူ၊ ကြိုးစားအားထုတ် သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ် ဦးစီးမှူးက ခပေါင်းကုန်းကျေးရွာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူ ၅၈ ဦးတို့အတွက်၊ ဖြိုးမောက် ယူရီးယား ဓာတ်မြေဩဇာ ၅၈ အိပ်ကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရပြီး၊ အခမ်းအနားသို့ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခပေါင်းကုန်းကျေးရွာ ရပ်မိရပ်ဖများနှင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်