ဝေါ ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်သမဝါယမဦးစီးဌာန၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမကဏ္ဍမှ ဆောင်ရွက် သည့် မိုးစပါးစီမံကိန်း ဆောင်ရွက်သော အသင်းသားတောင်သူများသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသက်လွင်က အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါး စီမံကိန်းအား အသင်း(၅)သင်း၊ အသင်းသား(၁၃၅)ဦး၊ စိုက်ဧက ၂၁၃၄ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး စနစ်ကျသော စိုက်ပျိုးရေး ဖြစ်စေရေးအတွက် မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် မြို့နယ် စိုက်ပျိုးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ပြီး အသင်းသားတောင်သူ (၁၃၅)ဦးသို့ မျိုးနှင့်သွင်းအား စုမြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်