Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ် နှမ်းကန်ကျေးရွာလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


29 Jun,2026

သာစည် ဇွန် ၂၈

           မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နှမ်းကန်ကျေးရွာလမ်းကျောက်ချောခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်မွန်နှင့် အင်ဂျင်နီယာဝန်ထမ်းများက နှမ်းကန်ကျေးရွာလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သာစည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်မွန်က တာဝန်ရှိသူများကို လုပ်ငန်းများ သတ်မှတ်စံချိန်စံညွန်းမီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း မှာကြားခဲ့သည်။

            အဆိုပါ နှမ်းကန်ကျေးရွာလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၆၃ ဒသမ ၅၇၁ သန်းဖြင့် လမ်းအရှည် ၁ ဒသမ ၇ ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့် ခြောက်လက်မရှိ ကျောက်ချောခင်းခြင်းလုပ်ငန်းကို ဇွန်လ ပထမပတ်မှ စတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်စိုး(မလှိုင်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်