Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်


29 Jun,2026

ပြည် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော မိုးစပါး၊ ဝါ စိုက်ပျိုးသည့် တောင်သူများသို့ မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ စိုက်ပျိုးရေးစခန်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်း က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ပိုင်စိုးက သက်တန့်ရောင်စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက မိုးစပါး၊ ဝါ စိုက်ပျိုးသော တောင်သူများအား ဝါမျိုးစေ့ RAK666 (BT)နှင့် သွင်းအားစုများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက် )

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်