Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်(မန္တလေး) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးချယ်သည့်ပြိုင်ပွဲကျင်းပ


29 Jun,2026

ပုသိမ်ကြီး ဇွန် ၂၉

သမဝါယမဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမကောလိပ် (မန္တလေး) တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ စာလုံးပေါင်းသတ်ပုံ မှန်ကန်စွာသိရှိနားလည်စေရန် ရည်ရွယ်၍ အဆိုပါကောလိပ်၌ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၂၉) ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ရန်ကင်းခန်းမ၌ ကျင်းပရာကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြပြီး တွဲဖက်ပါမောက္ခ ဒေါ်အေးစန္ဒာဇော် (မြန်မာစာဌာန) ကစာလုံးပေါင်းသတ်ပုံ အဖြေမှန်များကို ရှင်းလင်းပြောကြားပေးပြီးဆုရရှိကြသူများကို ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 (ရွှေရန်ကင်း)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်