Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်၌ မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ပေးအပ်


29 Jun,2026

ကျွန်းစု ဇွန် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာနက လယ်ဧက ၄၅၀ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မှော်ဘီ(၃) မျိုးစပါး တင်း ၄၅၀၊ ကွန်ပေါင်း ၂၂၅ အိတ်နှင့် (ပုလဲ)ယူရီးယား ၄၅၀ အိတ်တို့ကို ပဲယာကျေးရွာရှိ တောင်သူ ၈၅ ဦးအား ပေးအပ်ခဲ့သည်။ 

ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်‌ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများကို ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်