Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ်တွင် (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စနစ်တကျ ကောက်ရိုးမှို စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်


29 Jun,2026

စေတုတ္တရာ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့်(၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ် သမဝါယမအသင်းစုဝန်းအတွင်းတွင် စနစ်တကျကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်သည်။

 အဆိုပါဆောင်ရွက်မှုကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြစံနှင့် မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်တို့ကဦးဆောင်၍ မြို့နယ်သမဝါယမ အသင်းစုဝန်းအတွင်း သမဝါယမဦးစီးဌာနဝန်ထမ်းများက စနစ်တကျကောက်ရိုးမှိုများ စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်