Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ်၌ (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်


29 Jun,2026

သနပ်ပင် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို သနပ်ပင်မြို့ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် သနပ်ပင်မြို့နယ်၊ သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ မှိုစိုက်ပျိုးရန်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဥက္ကတို့မှ စုပေါင်း၍ သနပ်ပင်မြို့နယ်၊မှိုစိုက်ပျိုးသည့် မျိုးမြန်မာရောင်းဝယ်ရေး လုပ်ငန်းမှ အသင်းသား ဦးမြတ်နိုင်အား ငွေ (၁၀) သိန်းကျပ်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော ဒိုင်းမွန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ဦးမြင့်သိန်းတို့အား ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်