Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုများပေးအပ်


29 Jun,2026

ဖြူး ဇွန် ၂၉

(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှ ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုဓါတ်မြေသြဇာ များပေးအပ်ပွဲကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဋ္ဌေးဋ္ဌေးမြင့်နှင့် မြို့နယ် အသင်းစုဥက္ကဋ္ဌ ဦးလှိုင်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ်အတွင်း သမဝါယမ ကဏ္ဍမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်း(၇)သင်း၊ အသင်းသား (၇၃)ဦး၏ မိုးစပါးစိုက်ဧက(၁၀၀၀)အတွက် စိုက်ပျိုးစနစ်ကျရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးနှင့်သွင်းအားစုများအားပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်