Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် နားမကြားသော ကလေးများကျောင်းသို့ အလှူငွေလှူဒါန်း


30 Jun,2026

ချမ်းမြသာစည်  ဇွန်  ၃၀

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နားမကြားသောကလေးများကျောင်းသို့ အလှူငွေများပေးအပ် လှူဒါန်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ လူမှုကရုဏာ လုပ်ငန်းတစ်ရပ်အနေဖြင့် နားမကြားသောကလေးများကျောင်းသို့ သွားရောက်ကာ အလှူငွေကျပ် ၂၀၀၀၀ဝ နှင့် ​သောက်ရေသန့်ကတ်များကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများက အလှူငွေနှင့် ပစ္စည်းများကို လက်ခံရယူခဲ့၍ အလှူရှင်များ အားလုံးကို ကျောင်းသား/ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်