Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲ


30 Jun,2026

ချမ်းမြသာစည်  ဇွန်  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်ဦးစီးဌာန ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်​အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ချိုဦးက အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးကျော်အေးလှိုင်က အခွန်ဆိုင်ရာသိကောင်းစရာများနှင့် ဝင်ငွေခွန် ကြေညာလွှာအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးမှူး၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်း​ကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းစု ၂၅ စုတို့၏ ဝင်ငွေကြေလွှာများကို မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ဖြူသွယ်နွယ်က မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ချိုဦး၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ဖြူသွယ်နွယ်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အသင်းစုတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်