Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုများ ပေးအပ်


30 Jun,2026

ဇီးကုန်း ဇွန် ၃၀

(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းသီးနှံစိုက်ပျိုးသော အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရွှေစင်က မျိုးနှင့်သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

ထို့နောက် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ သမဝါယမဦးစီး ဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က မိုးစပါးစိုက်ဧက ၁၂၀၀ အတွက် ကျပ်သိန်း(၃၀၀၀)နှင့် ညီမျှသော မျိုးနှင့်သွင်းအားစုများကို အသင်းသားတောင်သူများအား ပေးအပ် ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်