Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝေါမြို့နယ် တောကြီးကျေးရွာ၌မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်‌ပေး


30 Jun,2026

ဝေါမြို့နယ် တောကြီးကျေးရွာ၌မြစိမ်းရောင်ကျေး ရွာစီမံကိန်းမှချေးငွေများထုတ်‌ပေး
=====================================
ဝေါ၊ ဇွန်-၃၀
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တော ကြီးကျေးရွာ၌ (၁၂)ကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ ငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေး လက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တ ခြားစီးပွားရေးလုပ်များဆောင်ရွက်နိုင်စေရန်ရည် ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ် အကြောင်းအရာများကိုရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်း သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ ငွေကျပ် ၆၆ ဒသမ ၆၀ သန်းကို လွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်းအဖွဲ့ဝင်များက တောကြီးကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ ၉၉ ဦး၊ မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူ ၁၂ ဦး၊ စုစုပေါင်းအသင်းသားအသင်းသူ ၁၁၁ ဦးကို မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေကျပ် ၆၆ ဒသမ ၆၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်