Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ကန်နှစ်ဆင့် -ရေနံကြီး‌ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


30 Jun,2026

အောင်လံမြို့နယ် ကန်နှစ်ဆင့် -ရေနံကြီး‌ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

**********************************************
အောင်လံ ဇွန် ၃၀
         
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မ‌ ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကန်နှစ်ဆင့် -ရေနံကြီး‌ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇွန် ၂၉ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်‌အောင်သန့်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးစိုးမင်းနိုင်နှင့် တာဝန်ရှိသူများက ကန်နှစ်ဆင့် -ရေနံကြီး‌ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းအား မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
     အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်ပေ ၂၀၀ရှိ တံတားရဲ့ ချဉ်းကပ်လမ်း ၀ ဒသမ ၈၅ဖာလုံ အား မြေနီခင်းခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း၄၀ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆ခုနှစ်၊ ဧပြီ ၂၃ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျေးရွာ ငါးရွာမှလူ ၄၄၆၉ဦးအား အကျိုးပြုလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်