ဘားအံ ဇူလိုင် ၁
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် သမဝါယမအသင်းများအား ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမစနစ်ဖြင့် စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ပြည်နယ် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်တို့က ကရင်ပြည်နယ်အတွင်း လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်း(၃)သင်း၊ ဆောင်းဆီထွက် သီးနှံ(မြေပဲ)စိုက်ပျိုးသည့် သမဝါယမအသင်း(၅)သင်း စုစုပေါင်းအသင်း (၈)သင်းကို တစ်သင်းလျှင် ငွေကျပ်သိန်း(၂၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၁၆၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သမဝါယမ အသင်းသားများကိုယ်စား အသင်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သမဝါယမအသင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်