Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အိမ်မဲမြို့နယ်တွင် ပညာ့ဇောတိကာ ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


02 Jul,2026

အိမ်မဲ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂)ပညာ့ဗိမာန်ခန်းမတွင် ပညာ့ဇောတိကာငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပသည်။

အခမ်းအနားတွင် ပညာ့ဇောတိကာငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ သဘာပတိ က အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက အမှာစကားကိုလည်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပညာ့ဇောတိကာငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းတို့အား တာဝန်ရှိသူများက ဖတ်ကြားပေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြပြီး ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြု ချက်ရယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ပညာ့ဇောတိကာငွေစုငွေချေး သမဝါယမအသင်းသားများအား အဆိုပါအသင်းလီမိတက်မှ အသင်းသား ပြန်အမ်းငွေအဖြစ် အသင်းသား(၁)ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် အသင်သား (၁၇၁၂)ဦးအတွက် (၂၅၆၈၀၀၀၀)ကျပ်အား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ၃၁-၃-၂၀၂၆ ရက်နေ့ ဘဏ္ဍာရေးနှစ်ကုန်တွင်လည်း ငွေကျပ် (၄၃၅၆၂၃၀၀၀)အား ထုတ်ချေးထားကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်