Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ်၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြုဆိုဂုဏ်ပြုသောအားဖြင့် မျိုးနှင့်သွင်းအားစုပေးအပ်


02 Jul,2026

ရွှေတောင် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်သော အသင်း ၅ သင်း၊ အသင်းသား ၂၁၀ ဦး၊ စိုက်ဧက ၁၃၃၄ ဧကအတွက် (၃၃၃.၅၀၀)ကျပ်သန်းနှင့် သက်တန့်ရောင်စီမံကိန်းအစီအစဉ်ဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်သော အသင်း ၁ သင်း၊ အသင်းသား ၁၅ ဦး၊ စိုက်ဧက ၆၆ ဧကအတွက် (၁၉.၀၀၈)ကျပ်သန်း၊ စုစုပေါင်း ( ၃၅၂.၅၀၈)ကျပ်သန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုပေးအပ်ကို မြို့နယ်သမဝါယအသင်းစုလီမိတက်တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မိုးစပါး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများမှ မိုးစပါးစီမံကိန်း စိုက်ပျိုးကြသည့် တောင်သူများထံသို့ မျိုးနှင့် သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်