ညောင်တုန်း ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပညာရေးငွေစုငွေချေး သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ မြို့နယ်ပညာရေးငွေစုငွေချေးသမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က အသင်း သည် ပညာရေးဝန်ထမ်းများအတွက် အထောက်အကူပြုနေသည့် အသင်းဖြစ်ပါကြောင်းနှင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွား စေလိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမင်းဆွေက မြို့နယ်သမဝါယမဦးစီးဌာန၏ လုပ်ဆောင်ရွက်မှု များနှင့် အသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးငွေစုငွေချေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ငွေစာရင်းလက်ကျန် ရှင်းတမ်းနှင့် အမှုဆောင်အဖွဲ့လုပ်ငန်းအစီရင်ခံစာတို့အား အသင်းအမှုဆောင် များက ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်တို့ထံမှ အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ခုနှစ်၊ မတ်လအထိ စုဆောင်းငွေအများဆုံး အသင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်