Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ လူမှုစီးပွါးမြင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်


30 Jun,2026

မင်းလှ ဇွန် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် "ဝါ" စိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား လူမှုစီးပွား မြင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းမှ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲကို မယ်ဇလီတော ကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလွင်ညီညီက လူမှုစီးပွားမြင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မယ်ဇလီတော စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားတောင်သူ ၂၀ ဦး၏ စိုက်ဧက ၅၈ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် (၂၃၆၀၀၀)နှုန်းဖြင့် ငွေကျပ်(၁၃.၆၈၈)သန်းနှင့်ညီမျှသော "ဝါ"  အထွက်တိုးမျိုးများဖြစ်သော Raka 666၊ B-31၊ TBL-195 မျိုးများနှင့် သွင်းအားစု ဓာတ်မြေဩဇာ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်