Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကလေးငယ်များအား အာဟာရကျွေးမွေးလှူဒါန်း


02 Jul,2026

ငပုတော ဇူလိုင် ၂

၂၀၂၆ ခုနှစ် ဇူလိုင်လ (၄)ရက်‌နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ငပုတောမြို့နယ် သမဝါယမမိသားစုမှ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့်ဝန်ထမ်းများက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူ သော မဟာရာဇာမုနိအောင်တော်မူ စေတီတော်မြတ်ကြီးတွင် ဘုရားရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်းနှင့်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်သည်။

ဆက်လက်ပြီး  ငပုတောမြို့နယ် သမဝါယမမိသားစုမှ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများက အ-မ-က (ဥယျာဉ်ကုန်း) ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အာဟာရ ပြည့်ဝ‌စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေရန် ရည်ရွည်ပြီး ကျောင်းသား/ကျောင်းသူများ အား ပဲနို့ဘူးများနှင့် ပေါင်မုန့်များကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အောင်သူ(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်