Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးပဒေသာပင်စိုက်ထူးခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


02 Jul,2026

မအူပင် ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမဦးစီးမှူးနှင့် ဝန်ထမ်းများမှ မအူပင် ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးပဒေသာပင်စိုက်ထူခြင်းအား ဆောင်ရွက်သည်။

အဆိုပါ ဆောင်ရွက်ခြင်းအား မအူပင်မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်စင်၏ဦးဆောင်မှုဖြင့် သမဝါယမဝန်ထမ်းများစုပေါင်း၍ ဘိုးဘွားရိပ်သာဝန်းအတွင်းစုပေါင်း၍ တံမြက်စည်းလှည်းခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း များဆောင်ရွက်ခဲ့ပြီး ဘိုးဘွားများအတွက် ဆေးပဒေသာပင်စိုက်ထူခဲ့ရာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးစိုးဝင်းမှလက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်