မြိတ်မြို့နယ်၌ ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်
************************************************************************
မြိတ် ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲကို ဇူလိုင် ၁ ရက်နေ့ က မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းသားများ လိုက်နာရန် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက တက်ရောက်လာကြသော သင်တန်းသား ၁၅ ဦးအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်တန်းကာလ တစ်လကြာ ဆိုင်ကယ်ပြုပြင်ခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာများကို စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြိတ်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၁၅ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်