ဘုတ်ပြင်းမြို့နယ် ကျွေးချောင်းကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
************************************************************************
ဘုတ်ပြင်း ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ကမာချောင်းကျေးရွာအုပ်စု၊ ကျွေးချောင်းကျေးရွာ၌ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြာင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ကျွေးချောင်းကျေးရွာ၌ ၂ လက်မ ဒိုင်ရာမီတာ ရေပိုက်လိုင်း အရှည် ပေ ၂၅၀၀ သွယ်တန်းခြင်းလုပ်ငန်းကိုး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ကာလအတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅ ဒသမ ၅၆ သန်းဖြင့် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ မေလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကြောင့် ကျေးရွာသူ/သားများ သန့်ရှင်းသောသောက်သုံးရေကို အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရာသီမရွေး ရယူသုံးစွဲနိုင်ခြင်း၊ ရေမီတာစနစ်ဖြစ်၍ သောက်သုံးရေလေလွင့်မှုမှ လျှော့ချနိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်