Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်သမဝါယမအသင်းစုမှ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက(ပေါင်)၏ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း (၂)နှစ်ဆက်တိုက် ဒုတိယဆုရရှိသည့်အတွက် ဂုဏ်ပြုငွေပေးအပ်


02 Jul,2026

ပေါင် ဇူလိုင် ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ်သမဝါယမအသင်းစုမှ အထက(ပေါင်)၏ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း (၂)နှစ်ဆက်တိုက် ဒုတိယဆု ရရှိသည့်အတွက် ဂုဏ်ပြုငွေ ပေးအပ်ခြင်းကို မြို့နယ်သမဝါယမအသင်းစုလီမိတက်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်သင်းယုနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအေးမင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပေါင်မြို့နယ်သမဝါယမအသင်းစုမှ အထကပေါင်၏ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း (၂)နှစ်ဆက်တိုက် ဒုတိယဆု ရရှိသည့်အတွက် ဂုဏ်ပြုငွေ ကျပ်သိန်း(၂၀)နှင့် ထီးများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်