Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်အသင်းသားတောင်သူများ မြေဩဇာကြဲပက်ပွဲ ကျင်းပ


02 Jul,2026

ကြို့ပင်ကောက် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ရွာသာကုန်းကျေးရွာတွင် (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါး တစ်ဧက ပန်းတိုင်တင်း (၁၀၀) ကျော် ထွက်ရှိရေးအတွက် ပင်ပွားချိန်၌ စုပေါင်း ဓာတ်မြေဩဇာကြဲပက်ပွဲကို ဆောင်ရွက်ခဲ့သည်။

ကျွန်းကုန်းကြီးကျေးရွာအုပ်စု ရွာသာကုန်းစိုက်ထွေအသင်းတွင် အသင်းသားတောင်သူ ၂၅ ဦး ၏ ဆာဖိုးသာစပါးမျိုးနှင့် ဗီယက်နန်စပါးမျိုး ဧက ၂၀၇ ဧကကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်းသားတောင်သူများက စုပေါင်းစိုက်ပျိုးထားကြောင်း စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန်းဌေးက ပြောကြားသည်။

အဆိုပါဓာတ်မြေဩဇာကြဲပက်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အသင်းစုမှ တာဝန်ရှိသူများ၊ အသင်းသားတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်