Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်မည့်အခြေအနေ ကွင်းဆင်းစစ်ဆေး


02 Jul,2026

ချောင်းဆုံ ဇွန် ၃၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျေးလက်လမ်းတံတားများကို တည်ဆောက်ပေးလျက်ရှိရာ ဇွန် ၂၉ ရက်က မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းမည့် အခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးရာညွန့် ဦးဆောင်၍ မော်လမြိုင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ချောင်းဆုံ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) နှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မုရစ်ကြီး-ဇီးကုန်း ကျေးရွာချင်းဆက်လမ်းအား ပွင့်လင်းရာသီတွင် ကတ္တရာလမ်းခင်းနိုင်ရေး ကြိုတင်စီမံဆောင်ရွက် ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုကျော်(ချောင်းဆုံ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်