Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ပဥ္စမအကြိမ်မြောက် ထုတ်ချေး


03 Jul,2026

ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ပဥ္စမအကြိမ်မြောက် ထုတ်ချေး

‎************************************************************************

‎ကျောက်တန်း        ဇူလိုင်       ၃

‎‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်သူများ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ကြံပင်ကျေးရွာ၌  ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF) စီမံကိန်းရန်ပုံငွေ ပဥ္စမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎ရှေးဦးစွာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က RBF စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေများဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၃၂၄ သိန်းကို ကြံပင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကြံပင်ကျေးရွာ RBF စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ CP ဝက် မွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖွဲ့ ၄ ဖွဲ့ထံသို့ စုစုပေါင်း စီမံကိန်းရန်ပုံငွေကျပ် ၃၂၄ သိန်းကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ဦးစီးမှူးက RBF စီမံကိန်းအသင်းဝင်များအား စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

‎ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်