Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သင်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ‌ခြေနင်း စက်ချုပ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်


03 Jul,2026

သင်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ‌ခြေနင်း စက်ချုပ် သင်တန်းဆင်းပွဲကျင်းပပြုလုပ်

‎************************************************************************

‎သန်လျင်        ဇူလိုင်       ၃  

‎‎သမဝါယမနှင့်ကျးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ‌ခြေနင်းစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂ ရက်နေ့က ဖားကူးအရှေ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎အခမ်းအနားတွင် သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်ပြီးသော ခြေနင်းစက်ချုပ်ခြင်းဆိုင်ရာ အခြေခံအတတ်ပညာများကို လက်တွေ့အသုံးချပြီး အဆင့်မြင့်ပညာများ လေ့လာသင်ယူ၍ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူ ၃ ဦးအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းကို မေလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ထိ သင်တန်းကာလ ၄၅ ရက်ကြာ ကျွမ်းကျင်နည်းပြဆရာမများက ခြေနင်းစက်ချုပ်ခြင်းဆိုင်ရာ အခြေခံအတတ်ပညာများကို သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သန်လျင်မြို့နယ် အတွင်းရှိ ​ဖားကူးအရှေ့ကျေးရွာ၊ ဖားကူးအနောက်ကျေးရွာ နှင့် ဝင်းခနီးကျေးရွာတို့မှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်