Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပ


02 Jul,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် (၄-၇-၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် (၆-၇-၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့တို့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို(၃၀-၆-၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် ဥတ္တရ ဆောင်(သီရေတာ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းမှာ သမဝါယမဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်၊ လူငယ်များ၏အတွေးအခေါ်နှင့် ဖန်တီးနိုင်စွမ်း ကို မြှင့်တင်စေရန်၊ ပြည်သူများအကြား သမဝါယမလုပ်ငန်းများအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေ ရန်၊ ကျေးလက်ဒေသကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီနိုင်ရန်နှင့် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အရေးပါမှုတို့ကို သိရှိစေရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ မြန်မာစာဌာနမှကြီးမှူး၍ အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်       သမဝါယမစနစ်၏အရေးပါမှု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၃၂)ဦးနှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “သမဝါယမစနစ်နှင့် ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်