မုံရွာ ၊ ဇူလိုင် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့၌ ကျင်းပသည်။
အခမ်းအနားသို့ မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းမှရရှိသည့် ထုတ်ကုန်များအား ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး တာဝန်ရှိသူများမှ ခင်းကျင်းပြသထားသည့် သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါ သင်တန်းတွင် ထူးချွန်ပြီး အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်း သား(၅)ဦးအား သတ်မှတ်ချက်များနှင့် အညီရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်