ဘားအံ၊ ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ရက် (၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဖွင့်လှစ်သည့် အမျိုးသမီးများဝင်ငွေတိုးရေး စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖအွံကျေးရွာအုပ်စု၊ မိန်းမလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ သည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်က သင်တန်းသူများအနေဖြင့် လုပ်ငန်းထူထောင်ရာတွင် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို ရရှိပြီးသည့်အခါ လုပ်ငန်းများ အကောင်အထည်ဖော် ထုထောင်နိုင်စေရန်မှာကြားပြီး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် သင်တန်းထွက်ကုန်ချောပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်