Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသင်းသား တောင်သူများသို့ သွင်းအားစုများဖြန့်ဖြူးပေး


03 Jul,2026

ပုဗ္ဗသီရိ ဇူလိုင် ၃

ဇူလိုင်လ ပထမပတ်၏ စနေနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ မိုးစပါး စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ဖြန့်ဖြူးပေးခြင်းကို တောင်သူများလက်ဝယ်အရောက် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဖြန့်ဖြူးပေးရာတွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် သမဝါယမအသင်း များမှ အသင်းသားတောင်သူများ စိုက်ပျိုးလုပ်ငန်းတွင် အချိန်မှီအသုံးပြုနိုင်ရေးအတွက် ပုလဲ ဓာတ်မြေဩဇာများအား တာဝန်ရှိသူများက လက်ဝယ်အရောက် ဖြန့်ဖြူးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သမဝါယမ ဦးစီးမှူး ဦးကျော်အောင်ထံမှ သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်