Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာနှင့် သွင်းအားစုအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပ


03 Jul,2026

ပေါက်ခေါင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာ နှင့် သွင်းအားစုအရောင်းဆိုင်ဖွင့်ပွဲအခမ်းအနားကို အမှတ်(၅)ရပ်ကွက်၊ ပိတောက်လမ်းပေါ်ရှိ မြို့နယ်သမဝါယမအသင်းစုရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော သမဝါယမမိသားစုဝင် များ၏ သားသမီးများတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်သမဝါယမ အသင်းစု၏ ဓာတ်မြေဩဇာနှင့် သွင်းအားစုအရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ ကိုယ်စားလှယ်များ၊ အသင်းသားတောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး            


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်