နေပြည်တော် ဇူလိုင် ၄
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အခမ်းအနား ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသော အရာရှိကြီးများ၊ ပညာရှင်များ၊ သမဝါယမအသင်းစုချုပ်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း က ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ကပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပါသည်။
ဆက်လက်၍ ဗဟိုသမဝါယမအသင်းလီမိတက် အသင်းဝင် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေး သမဝါယမအသင်းစုဒါရိုက်တာ ဒေါ်သဉ္ဇာဝင်းက အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က ပေးပို့ သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် အပြည်ပြည်ဆိုင်ရာသမဝါယနေ့ ဂုဏ်ပြုဆောင်ရွက်မှု မှတ်တမ်း Video အားပြသပါသည်။
ဆက်လက်၍ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနမှ ပေးပို့သော သဝဏ်လွှာဝမ်းမြောက်စကား Record Video အား ပြသပြီးနောက် ကျေးလက်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်း Video အားပြသပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း စွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ် ဆုများအားလည်းကောင်း၊ စွမ်းဆောင်ရည်အကောင်းဆုံး မြို့နယ် သမဝါယမအသင်းစု ဆုများအားလည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများ အကောင်းဆုံး စွမ်းဆောင် နိုင်သည့် အခြေခံသမဝါယမအသင်း ဆုများအားလည်းကောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ အကောင်း ဆုံးစွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်း ဆုများအားလည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း များ အကောင်းဆုံးစွမ်းဆောင်နိုင်သည့် အခြေခံသမဝါယမအသင်း ဆုများအားလည်းကောင်း၊ ကမ္ဘာ့ ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးလက်ဖွံ့ဖြိုးရေးဘက်စုံထူးချွန်ဆုများအား လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဆုများအား လည်းကောင်း၊ ကျေးရွာပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံပြဆု များအားလည်းကောင်း၊ ကျေးလက်ရေ ရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုဆုများအားလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ကြရာ ဆုရရှိသူများက ဆုများလက်ခံရယူကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများနှင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်း များ၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းများ၏ အရောင်းပြခန်းများကို ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပြီး မည်သူမဆိုလာရောက် လေ့လာဝယ်ယူအားပေးနိုင်ကြောင်းသိရသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာန၊ သမဝါယမကောလိပ်၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်နှင့် သက်မွေးပညာ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများ၊ အခြေခံ သမဝါယမအသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် သမဝါယမအစုအဖွဲ့စနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရန် အခြေအနေများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်