Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်


03 Jul,2026

ပဲခူး၊ ဇူလိုင် ၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ ယနေ့ နံနက်ပိုင်းက အခမ်းအနားကို နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ၌ ကျင်းပသည်။

          အခမ်းအနားသို့ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ပေါင်းတည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဌာန၏ လုပ်ငန်းဆောင် ရွက်နေမှုများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းများ နှင့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်မည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပေါင်းတည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူတို့က သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။‎

          ယခုဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ​ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးအမျိုးမျိုး၊ မျက်နှာသစ် ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်၊  လျှော်မွှေးဆပ်ပြာရည်၊  ဆပ်ပြာခရင်(မ်)၊ Body Scrub ပြုလုပ်နည်းတို့ကို ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ပြီး မွန်းမံ သင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၇)ရက်ကြာ ထပ်မံသင်ကြားပေးသွားဖြစ်သည်။ အဆိုပါ သင်တန်းများ ပြီးမြောက်ပါက အမှန်တကယ် ကိုယ်ပိုင် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော အထိုင်ဆပ်ပြာဆီမွှေစက်၊ စတီးကန်၊ ဒီဂျစ်တယ်ချိန်စက်၊ အပူပေးပိတ်စက်၊ ဖိုက်ဘာပလပ်စတစ်ပုံးရှည်နှင့် ဆက်စပ်ပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်