Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်ခရိုင်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် ရက်(၁၀၀)အတွင်း လုပ်ငန်းရှင်(၁၀၀) ပေါ်ထွက်လာစေရေးအတွက် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ


03 Jul,2026

မြိတ်၊ ဇူလိုင် ၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ရက် (၁၀၀)အတွင်း လုပ်ငန်းရှင်(၁၀၀) ပေါ်ထွက်လာစေရေးအတွက် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းသင်တန်း(မွမ်းမံ) ဆင်းပွဲအခမ်းအနားကို မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ် ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာရှိ ရွှေဟင်္သာကျောင်းတိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

          အခမ်းအနားသို့ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဦးစွာ မြိတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) က သင်တန်းဆင်း အမှာ စကား ပြောကြားပြီး မြိတ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး သင်တန်း ဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ နှင့် လုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ သင်တန်းများအား သင်တန်းကာလအတွင်း ချုပ်လုပ်ခဲ့သည့် သင်တန်းဆင်းလက်ရာများအား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         အဆိုပါ သင်တန်းကို အခြေခံစက်ချုပ်သင်တန်းကို မေလ ၁၂ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ အထိ (၁)လကြာ သင်ကြားပို့ချပေးခဲ့ပြီး မွန်းမံသင်တန်းကို ဇွန်လ ၁၈ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ အထိ ကိုယ်တိုင်းနည်း၊ Pattern ရေးဆွဲနည်း၊ ဘောင်းဘီချုပ်နည်း၊ အင်္ကျီနှင့်စကပ်ဇစ်တပ်နည်း၊ ရင်ဖုံးအမျိုးမျိုးနှင့် ရင်စေ့အင်္ကျီ၊ အမျိုးသမီး Blouse၊ ကလေးဝတ်ဂါဝန်၊ ကျောင်းစိမ်း စကပ်အမျိုးမျိုးချုပ်နည်း၊ အမျိုးသမီးဝတ်ထဘီ အမျိုးမျိုးချုပ်လုပ်နည်း စသည်တို့ကို ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲကြောင်း သိရှိရပါသည်။ ထို့အပြင် သင်တန်းသားများထဲမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦး အား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီုး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် လုပ်ငန်း သုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်