Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ်၌ အောက်ပုံကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


06 Jul,2026

စေတုတ္တရာမြို့နယ်၌ အောက်ပုံကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
=====================================
စေတုတ္တရာ၊ ဇူလိုင်-၆
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျ ရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုကြိုဆို‌သောအားဖြင့် အောက်ပုံကျေးရွာ၌ မိုးရာသီစုပေါင်းသစ် ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအဝင်လမ်းတွင် စိုက်ပျိုးကြောင်းသိရသည်။
    ပထမဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းက စိုက်ပျိုးမည့်သစ်ပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်သည်။
    ထို့နောက် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း ဦးဆောင်သောဝန်ထမ်း ၁၄ ဦး၊ အောက်ပုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သောကျေးရွာသူကျေးရွာသား ၃၆ ဦး၊ စုစုပေါင်း ၅၀ ဦး တို့က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်း သိမ်းနိုင်စေရန်၊ စိမ်းလမ်းစိုပြည်သည့် ပတ်ဝန်း ကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်အတွက် ကုက္ကိုလ်ပင် ၆၀ ၊ တမာပင် ၆၀ ၊ စုစု‌ပေါင်း ၁၂၀ ပင်စိုက်ပျိုး‌ပေးခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်