မိတ္ထီလာ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သာစည်လမ်းမှ ရွှေတောင် - ချောက်ပင် - ခင်လူး - မောက်လောက်လမ်း လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း နှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၁၂ ဒသမ ၂၉၀ သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သော ရွှေတောင် - ချောက်ပင် - ခင်လူး- မောက်လောက်လမ်းအား လမ်းတာချဲ့၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်