Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ်၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


06 Jul,2026

ပျော်ဘွယ် ဇူလိုင် ၅

          ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကြို့ကုန်း-လယ်တော်-မင်းရွာ-သီးကုန်းကျေးရွာတို့အား ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယနေ့ နံနက် ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

        ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက ကျောက်ချောလမ်းခင်းရာတွင် အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးပြီး ရမည်းသင်းခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

        အဆိုပါ ကျောက်ချောလမ်းမှာ 0.436 km x 4.88 X150mm ဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆ဝ ဒသမ ၉၁ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာပေါင်း ခြောက်ရွာမှ ပြည်သူသုံး ထောင်ကျော်သည် အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

(မင်းမင်းထွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်