Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး


06 Jul,2026

မြန်အောင်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး

‎************************************************************************

‎မြန်အောင်        ဇူလိုင်        ၆

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် အဖြစ် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ မြစိမ်းရောင်စီမံကိန်းကျေးရွာများ ဖြစ်သည့် ချင်းကုန်းကျေးရွာနှင့် မောက်ပေါက်ကုန်းကျေးရွာတို့၌ ဇူလိုင် ၆ ရက်နေ့က အရိပ်ရနှစ်ရှည် ပင်များ စု‌ပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

‎‎သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ကူညီ‌ထောက်ပံ့မှုဖြင့် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးနေဇော်ထက်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာန တောအုပ် ဦးအောင်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာပြည်သူများ၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် စီမံကိန်းအသင်းသူ အသင်းသားများက ကျွန်း အပင် ၅၀ ၊ စိန်ပန်းပြာ ၂၅ ပင်နှင့် မန်ကျန်ရှား ၂၅ ပင် ကို ချင်းကုန်းကျေးရွာနှင့် မောက်ပေါက်ကုန်းကျေးရွာတွင်းလမ်းဘေးဝဲယာ၌ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

‎‎သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးသာမက ရာသီဥတုမျှတရေးကို များစွာအထောက်အကူပြု သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းအင်အားဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ကြီးထွားစေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်