သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုး
************************************************************************
သာယာဝတီ ဇူလိုင် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အဖြစ် သာယာဝတီ ခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်၌ ဇူလိုင် ၆ ရက်နေ့က အရိပ်ရနှစ်ရှည်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ကူညီထောက်ပံ့မှုဖြင့် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွှန့်ဇော်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာပြည်သူများက သာယာဝတီမြို့နယ်၊ အရှေ့စုကျေးရွာကုန်ထုတ်လမ်းဘေး ဝဲယာ၌ သရက်၊ ကြောင်လျှာ၊ ပေါက်ပန်းဖြူ၊ ဒန့်ဒလွန်နှင့် သခွပ်ပင် စုစုပေါင်း အပင် ၂၀၀ ကိုလည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ သပြေကုန်းကျေးရွာအဝင် လမ်းဘေး ဝဲယာ၌ ပေါက်ပန်းဖြူနှင့် မယ်ဇလီပင် စုစုပေါင်း အပင် ၁၀၀ ကိုလည်းကောင်း၊ မင်းလှမြို့နယ်၊ ကညင်ကွင်းကျေးရွာကုန်ထုတ်လမ်းဘေး ဝဲယာ၌ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီနှင့် သခွပ်ပင် စုစုပေါင်း အပင် ၂၀၀ ကိုလည်ကောင်း တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အုတ်ဖိုမြို့နယ်၊ အုန်းနှဲမြစိမ်းရောင်ကျေးရွာ အဝင်လမ်းဘေး ဝဲယာ၌ မယ်ဇယ်၊ ကြောင်လျှာ၊ ပေါက်ပန်းဖြူနှင့် ကျွန်း အပင် ၂၀၀ ကိုလည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ် အောင်ချမ်းသာကုန်ထုတ်လမ်းဘေး ဝဲယာ၌ သခွပ်၊ ကြောင်လျှာ၊ ဒန့်ဒလွန်၊ ပေါက်ပန်း၊ စိန်ပန်းနှင့် မန်ဂျန်ရှား အပင် ၂၀၀ ကိုလည်းကောင်း တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်