မင်းလှ ဇူလိုင် ၆
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိသားစု ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ် ငွေများပေးအပ်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်သက်နွယ်က မိသားစု ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေစာရင်း ရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းများကို ရှင်းလင်းပြောကြားပြီး အသင်းသား (၃၀) ဦးတို့အား စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်