Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့၌ ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဟာရဒါန လှူဒါန်း


06 Jul,2026

ဖျာပုံ ဇူလိုင် ၆

  (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံမြို့နယ်သမဝါယမဦးစီးဌာန မိသားစုများမှ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသ နေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာ အာဟာရဒါနလှူဒါန်း ပွဲကို အဆိုပါပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ကြသည်။

 အဆိုပါ ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာအာဟာရဒါနလှူဒါန်းရာတွင် ဖျာပုံမြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထူးအောင်နှင့် ဝန်ထမ်းမိသားစုများက ထမင်း၊ သီးစုံဟင်း၊ ဘဲဥဟင်းနှင့် ပေါင်မုန့်တို့အား ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော လူနာရှင်များနှင့် လိုက်ပါစောင့်ရှောက်သူများအား နံနက်စာအာဟာရဒါနအဖြစ် လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်