ဖျာပုံ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သမဝါယမဦစီးဌာနမှ တာဝန်ရှိသူများသည် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းဝင် ဒေသခံတောင်သူများသို့ သွင်းအားစုဓာတ်မြေသြဇာပေးအပ်ပွဲကို ဖျာပုံမြို့သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ် သည်။
အဆိုပါ သွင်းအားစုပေးအပ်ရာတွင် ဖျာပုံမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းထူးအောင်က မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းဝင် ဒေသခံတောင်သူများသို့ သွင်းအားစုဓာတ်မြေသြဇာများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းဝင် ဒေသခံ တောင်သူများအား ငွေကျပ် (၁၈၃၀.၄၀) သိန်းနှင့်ညီမျှသော သွင်းအားစု ဓာတ်မြေသြဇာ (၁၆၆၄)အိတ်အား ဖျာပုံမြို့နယ် သမဝါယမအသင်းဝင် တောင်သူများ၏ လက်ဝယ်သို့ ဖျာပုံ မြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသီးသီးပေးအပ် ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)
ဧရာဝတီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်