ပျဉ်းမနား ဇူလိုင် ၆
(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း(၃)သင်းရှိ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြုနိုင်ရေးအတွက် သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းကို ဇောင်ချမ်းကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာန မှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် အားအင်သစ် ပုလဲသွင်းအားစုမြေဩဇာများကို တောင်သူများထံပေးအပ်ကာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများရှိရေးအတွက် လိုအပ်သည့်သွင်းအားစုများကို စနစ်တကျထည့်သွင်းရေးနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)
နေပြည်တော်ကောင်စီနယ်မြေ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်