Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်) စီမံကိန်းမှ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ


06 Jul,2026

အထက်မင်းလှ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ (၁၀၄)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းမှ သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်း ထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလွင်ညီညီက လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမအသင်းသားတောင်သူများအတွက် စပါးအထွက်တိုးမျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ဝင်းမြတ်(အထက်မင်းလှ)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်