လင်းခေး ဇူလိုင် ၆
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို လင်းခေးမြို့၊ နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြဝင်းက အသင်းနှင့်ပတ်သက်သည့် လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အသင်းဒုဥက္ကဋ္ဌ ဦးချိုနိုင်က ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးလက်ကျန် ရှင်းတမ်း ဖတ်ကြားခြင်း၊ အသင်းသားများက အကြံပြုဆွေးနွေးတင်ပြခြင်း၊ ဆွေးနွေးတင်ပြချက် များအပေါ် အမှုဆောင်အဖွဲ့မှ ပြန်လည်ရှင်းလင်းခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးရှင်းတမ်း များအား အတည်ပြုချက်ရယူခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
/-စိုင်းဇော်လတ်(လင်းခေး)
ရှမ်းပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်