Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုံရွာမြို့တွင် ၂၀၂၆ ခုနှစ်၊ (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနား ကျင်းပ


06 Jul,2026

မုံရွာ ဇူလိုင် ၆ 

(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူ ကြူစိန်နှင့် ဖိတ်ကြားထားသော တိုငိးဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံစံလင်းမှ သမဝါယမအကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ကိုယ်စားလှယ်တစ်ဦးက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ သဝဏ်လွှာဖတ်ကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)

စစ်ကိုင်းတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်