သနပ်ပင်မြို့နယ်၌ ဖရဲစံပြကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
သနပ်ပင်၊ ဇူလိုင် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖရဲစံပြကျေးရွာ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာကုန်ထုတ်လမ်းတွင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ပထမဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက စိုက်ပျိုးမည့်သစ်ပင်များကို ကျေးရွာတာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။
ထို့နောက် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့်ဝန်ထမ်းများ၊ ဖရဲစံပြကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများက စိမ်းလမ်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကိုလက်ဆင့်ကမ်းနိုင်စေရန်၊ အရိပ်အာဝါသများရရှိစေရန်အတွက် မန်ဂျန်ရှားပင်၁၀၀၊ကြောင်လျှာပင် ၅၀၊ပေါက်ပန်းဖြူ
ပင်၅၀၊ငုရွှေဝါ ၅၀ပင်၊ပန်းပိတောက်၅၀ပင်၊စိန်ပန်းပင်၁၀၀ပင်၊ပျဉ်းကတိုး၅၀ပင်၊ပျဉ်းမပင်၁၀၀ပင်၊ယမနေ၅၀ပင်၊ စုစုပေါင်း ၆၀၀ပင်စိုက်ပျိုးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းထံမှ သိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်